ဆာလံကျမ်း 117
1နိုင်ငံတကာတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ လူမျိုးအပေါင်းတို့၊ကိုယ်တော်အား ထောမနာပြုကြလော့။ 2ငါတို့အတွက်ထားရှိသောမေတ္တာတော်သည် ကြီးမားတော်မူ၏။ ကိုယ်တော်၏သစ္စာတော်သည်လည်း ထာဝစဉ်တည်တော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။