ဆာလံကျမ်း 120
1ငါသည်ဒုက္ခရောက်စဉ်အခါထာဝရဘုရား ကို ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည်လည်းထူးတော်မူပါ၏။ 2အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားလိမ်လည်တတ်သူများ နှင့် လှည့်စားတတ်သူများ၏လက်မှကယ်တော် မူပါ။ 3အချင်းလိမ်လည်တတ်သူတို့၊ သင်တို့အားဘုရားသခင်သည်အဘယ်သို့ စီရင်တော်မူလိမ့်မည်နည်း။ သင်တို့အားကိုယ်တော်သည်အဘယ်သို့ ဒဏ်ခတ်တော်မူလိမ့်မည်နည်း။ 4စစ်သည်တို့၏ထက်မြက်သောမြားဖြင့်လည်း ကောင်း၊ ရဲရဲတောက်ပူလောင်သည့်မီးခဲဖြင့်လည်းကောင်း ဒဏ်ခတ်တော်မူလိမ့်မည်။ 5သင်တို့နှင့်ငါနေရသည်မှာမေရှက်ပြည်၌ နေထိုင်ရသကဲ့သို့လည်းကောင်း၊ ကေဒါ အမျိုးသားများနှင့်အတူ နေထိုင်ရသကဲ့သို့လည်းကောင်းဆိုးရွားပါ၏။ 6ငါသည်ငြိမ်းချမ်းရေးကိုမုန်းသောသူတို့နှင့် နေရသည်မှာကြာမြင့်လွန်းလေပြီ။ 7ငါသည်ငြိမ်းချမ်းရေးအကြောင်းပြောဆို သောအခါ သူတို့ကစစ်တိုက်ရန်ပြောဆိုကြ၏။