ဆာလံကျမ်း 123
1အို ထာဝရဘုရား၊ ကိုယ်တော်ရှင်စိုးစံတော်မူရာကောင်းကင်ဘုံသို့ ကျွန်တော်မျိုးမျှော်ကြည့်ပါ၏။ 2အစေခံသည်မိမိ၏သခင်ကိုလည်းကောင်း၊ အစေခံမသည်မိမိသခင်မကိုလည်းကောင်း မှီခိုအားထားသကဲ့သို့ ကျွန်တော်မျိုးတို့သည်မိမိတို့၏ဘုရားသခင် ထာဝရဘုရား၏ကရုဏာတော်ကို မခံစားရမချင်းကိုယ်တော်ရှင်အား မျှော်ကြည့်လျက်နေပါမည်။ 3ကျွန်တော်မျိုးတို့သည်လွန်မင်းစွာမထီမဲ့မြင် ပြုခြင်းကိုခံကြရပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးတို့အားသနားတော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားသနားတော်မူပါ။ 4ကျွန်တော်မျိုးတို့သည်ချမ်းသာကြွယ်ဝ သူတို့၏ ပြောင်လှောင်ခြင်းကိုလည်းကောင်း၊ မာန်မာနကြီးသူတို့၏မထီမဲ့မြင်ပြုခြင်း ကိုလည်းကောင်းခံရကြသည်မှာကြာပါပြီ။