ရာဇဝင်ချုပ်ပထမစောင် 8
1ဗင်္ယာမိန်တွင်ဗေလ၊ အာရှဗေလ၊ အဟိရံ၊- 2နောဟ၊ ရာဖဟူ၍ကြီးစဉ်ငယ်လိုက်သား ငါးယောက်ရှိ၏။ 3ဗေလ၏သားများမှာ အဒ္ဒါ၊ ဂေရ၊ အဘိဟုဒ်၊- အဘိရွှ၊ နေမန်၊ အာဟော၊ ဂေရာ၊ ရှေဖုဖံ၊ ဟုရံတို့ဖြစ်၏။ 6ဧဟုဒ်၏သားများမှာနေမန်၊ အဟိယနှင့် ဂေရဖြစ်၏။-သူတို့သည်ဂေဗမြို့တွင်နေထိုင် သူတို့၏အိမ်ထောင်ဦးစီးများဖြစ်ကြ၏။ သို့ရာတွင်ထိုမြို့မှနှင်ထုတ်ခြင်းခံရကြ သောအခါသူတို့သည်မာနဟက်မြို့သို့ သွားရောက်နေထိုင်ကြလေသည်။ ယင်းသို့ ပြောင်းရွှေ့ရာတွင်သြဇနှင့်အဟိဟုဒ်တို့၏ အဖဖြစ်သူဂေရသည်သူတို့အား ဦးစီးခေါင်းဆောင်ပြု၏။ 8ရှဟာရိမ်သည်မိမိ၏ဇနီးဟုရှိမ်နှင့် ဗာရာတို့ကိုကွာရှင်းပြီးနောက်မောဘ ပြည်တွင်နေထိုင်သောအခါ- 9ဟောဒေရှနှင့်အိမ်ထောင်ပြု၍ယောဗပ်၊ ဇိဘိ၊ မေရှ၊ မာလခံ၊- 10ယုဇ၊ ရှာခိ၊ မိရမဟူသောသားခုနစ်ယောက် ကိုရလေသည်။ သူ၏သားများအားလုံးပင် အိမ်ထောင်ဦးစီးများဖြစ်လာကြ၏။ 11သူသည်ယခင်ဇနီးဟုရှိမ်နှင့်လည်းအဘိ တုပ်နှင့်ဧလပါလဟူသောသားနှစ်ယောက် ကိုရ၏။ 12ဧလပါလတွင်ဧဗာ၊ မိရှဟံ၊ ရှာမက်၊ ဟူ၍ သားသုံးယောက်ရှိ၏။ သြနောမြို့၊ လောဒမြို့ နှင့်အနီးတစ်ဝိုက်ရှိကျေးရွာများကိုတည် ထောင်သူမှာရှာမက်ဖြစ်၏။ 13ဗေရိယနှင့်ရှေမတို့သည်အာဇလုန်မြို့တွင် အခြေစိုက်နေထိုင်ကြသူတို့၏အိမ်ထောင် ဦးစီးများဖြစ်၍ ဂါသမြို့သားတို့ကိုနှင် ထုတ်ကြသူများဖြစ်၏။- 14ဗေရိယ၏သားမြေးတို့တွင်အဟိသြ၊ ရှာရှက်၊ ယေရိမုတ်၊- 15ဇေဗဒိ၊ အာရဒ်၊ အာဒါ၊ မိက္ခေလ၊ ဣရှပ၊ ယောဟတို့ပါဝင်ကြ၏။ 17ဧလပါလ၏သားမြေးတို့တွင်ဇေဗဒိ၊ မေရှုလံ၊ ဟေဇကိ၊- 18ဟေဗာ၊ ဣရှမေရဲ၊ ယေဇလိ၊ ယောဗပ်တို့ ပါဝင်ကြ၏။ 19ရှိမဟိ၏သားမြေးတို့တွင်ယာကိမ်၊ ဇိခရိ၊ ဇာဗဒိ၊- ဧလျေနဲ၊ ဇိလသဲ၊ ဧလေလ၊- အဒါ ယ၊ ဗေရာယ၊ ရှိမရတ်တို့ပါဝင်ကြ၏။ 22ရှာရှက်၏သားမြေးတို့တွင်ဣရှပန်၊ ဟေဗာ၊ ဧလေလ၊- 23အာဗဒုန်၊ ဇိခရိ၊ ဟာနန်၊ 24ဟာနနိ၊ ဧလံ၊ အေန္တောသိယ၊ 25ဣဖဒိယ၊ ပေနွေလတို့ပါဝင်ကြ၏။ 26ယေရောဟံ၏သားမြေးတို့တွင်ရှံရှရဲ၊ ရှေဟာရိ၊ အာသလိ၊- 27ယာရရှိ၊ ဧလိယ၊ ဇိခရိ၊ တို့ပါဝင်ကြ၏။ 28ဤသူတို့သည်ဘိုးဘေးအစဉ်အဆက်မှ အိမ်ထောင်ဦးစီးများဖြစ်ကြ၍ သူတို့၏ သားမြေးများသည်ယေရုရှလင်မြို့တွင် နေထိုင်ကြလေသည်။ 29ယေဟေလသည်ဂိဗောင်မြို့ကိုတည်ထောင်၍ ထိုမြို့တွင်အခြေစိုက်နေထိုင်လေသည်။ သူ ၏ဇနီး၏နာမည်မှာမာခါဖြစ်၏။- 30သူ၏သားဦးကားအာဗဒုန်တည်း။ အခြား သားများမှာဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊- 31ဂေဒေါ်၊ အဟိသြ၊ ဇာခရိနှင့်မိကလုတ် တို့ဖြစ်၏။- 32မိကလုတ်၏သားသည်ရှိမံဖြစ်၏။ သူတို့ ၏သားမြေးများသည်မိမိတို့၏သားချင်း အခြားအိမ်ထောင်စုများအနီးယေရု ရှလင်မြို့တွင်နေထိုင်ကြလေသည်။ 33နေရ၏သားသည်ကိရှ၊ ကိရှ၏သားမှာ ရှောလုဖြစ်၏။ ရှောလုတွင်ယောနသန်၊ မေလခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလဟူ၍ သားလေးယောက်ရှိ၏။- 34ယောနသန်၏သားသည်မေရိဗ္ဗာလဖြစ်၍ မေရိဗ္ဗာလ၏သားမှာမိက္ခာဖြစ်၏။ 35မိက္ခာတွင်ပိသုန်၊ မေလက်၊ တာရာ၊ အာခတ် ဟူ၍သားလေးယောက်ရှိ၏။- 36အာခတ်၏သားသည်ယုဒ္ဒါဖြစ်၏။ ယုဒ္ဒါတွင် အာလမက်၊ အာဇမာဝက်၊ ဇိမရိဟူ၍ သားသုံးယောက်ရှိ၏။ ဇိမရိ၏သားသည် မောဇ၊- 37မောဇ၏သားမှာဗိနာ၊ ဗိနာ၏သားကား ရေဖာယဖြစ်၏။ ရေဖာယ၏သားသည် ဧလာသ၊ ဧလာသ၏သားမှာအာဇေလ ဖြစ်သတည်း။ 38အာဇေလတွင်အာဇရိကံ၊ ဗောခေရု၊ ဣရှ မေလ၊ ရှရိယ၊ သြဗဒိ၊ ဟာနန်၊ ဟူ၍သား ခြောက်ယောက်ရှိ၏။- 39အာဇေလ၏ညီဧရှက်တွင်ဥလံ၊ ယေဟုတ်၊ ဧလိဖလက်ဟူ၍သားသုံးယောက်ရှိ၏။ 40ဥလံ၏သားများသည်ထူးချွန်သောစစ်သူရဲ များနှင့်လေးသည်တော်များဖြစ်ကြ၏။ သူ ၏သားမြေးပေါင်းတစ်ရာ့ငါးဆယ်ရှိ၏။ အထက်တွင်ဖော်ပြပါရှိသူအပေါင်းတို့ သည်ဗင်္ယာမိန်အနွယ်ဝင်များဖြစ်သတည်း။