ກິດໂອນ
Gideon
ဓမ္မဟောင်းကျမ်းအတ္ထုပ္ပတ္တိ
အဓိကကျမ်းပိုဒ်များ
တရားသူကြီးမှတ်စာ 7:7
ထာဝရဘုရားက``ငါသည်ရေကိုလျှာ ဖြင့်လျက်သောက်သောသူသုံးရာအားဖြင့် သင့်ကိုကယ်ဆယ်၍မိဒျန်အမျိုးသား တို့အပေါ်၌အောင်ပွဲခံစေမည်။ အခြား သူအပေါင်းတို့ကိုအိမ်သို့ပြန်ရန်ပြော ကြားလော့'' ဟုဂိဒေါင်အားမိန့်တော် မူ၏။-
တရားသူကြီးမှတ်စာ 8:28
သို့ဖြစ်၍မိဒျန်အမျိုးသားတို့သည် ဣသ ရေလအမျိုးသားတို့၏နှိမ်နင်းခြင်းကိုခံ ရ၍ နောက်တစ်ဖန်သူတို့အတွက်ခြိမ်းခြောက်မှု အန္တရာယ်မဖြစ်တော့ချေ။ တိုင်းပြည်သည်လည်း ဂိဒေါင်ကွယ်လွန်ချိန်တိုင်အောင် နှစ်ပေါင်းလေး ဆယ်မျှငြိမ်းချမ်းသာယာလျက်နေသတည်း။
တရားသူကြီးမှတ်စာ 8:30
သူ၌မယားအမြောက်အမြားရှိသဖြင့် သားခုနစ်ဆယ်ကိုရ၏။-
တရားသူကြီးမှတ်စာ 6:14
ထိုအခါထာဝရဘုရားက``သင်၏ကြီးမား သောခွန်အားဖြင့်သွား၍ ဣသရေလအမျိုး သားတို့အား မိဒျန်အမျိုးသားများ၏လက် မှကယ်ဆယ်လော့။ ငါကိုယ်တိုင်ပင်သင့်အား စေလွှတ်တော်မူပြီ'' ဟုမိန့်တော်မူ၏။
တရားသူကြီးမှတ်စာ 6:12
ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည်သူ၏ရှေ့၌ပေါ်လာ၍သူ့အား``ခွန်အား ကြီးသောအချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူပြီ'' ဟုဆိုလေသည်။