ယာကုပ်
Jacob
ဓမ္မဟောင်းကျမ်းအတ္ထုပ္ပတ္တိ
အဓိကကျမ်းပိုဒ်များ
ကမ္ဘာဦးကျမ်း 35:10
``သင်၏နာမည်သည်ယာကုပ်ဖြစ်၏။ သို့ရာတွင် ယခုမှစ၍သင်၏နာမည်ကိုဣသရေလဟူ၍ ခေါ်ရမည်'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ဘုရားသခင်သည်ယာကုပ်အားဣသရေလနာမည် ဖြင့်သမုတ်တော်မူ၏။-
ကမ္ဘာဦးကျမ်း 25:26
ဒုတိယသားသည်ဧသော၏ဖနောင့်ကိုဆုပ် ကိုင်လျက်မွေးဖွားလာသဖြင့် ယာကုပ်ဟုနာ မည်မှည့်လေသည်။ ထိုသားများမွေးဖွားသော အခါဣဇာက်သည်အသက်ခြောက်ဆယ်ရှိပြီ ဖြစ်၏။
ကမ္ဘာဦးကျမ်း 49:33
ယာကုပ်သည်သားတို့အားယင်းသို့မှာကြား ပြီးနောက်အိပ်ရာပေါ်တွင်လဲလျောင်း၍ကွယ် လွန်လေ၏။
ကမ္ဘာဦးကျမ်း 32:28
ထိုသူက``နောင်တွင်သင်၏နာမည်ကို`ယာကုပ်' ဟူ ၍မခေါ်စေရ။ သင်သည်ဘုရားနှင့်သော်လည်း ကောင်း၊ လူနှင့်သော်လည်းကောင်းဆိုင်ပြိုင်၍အနိုင် ရခဲ့သောကြောင့်သင်၏နာမည်မှာ`ဣသရေလ' ဟူ၍ဖြစ်ရမည်'' ဟုဆိုလေ၏။