နောဧ
Noah
ဓမ္မဟောင်းကျမ်းအတ္ထုပ္ပတ္တိ
အဓိကကျမ်းပိုဒ်များ
ကမ္ဘာဦးကျမ်း 7:1
ထိုနောက်ထာဝရဘုရားကနောဧအား``သင် နှင့်တကွ သင်၏မိသားစုအားလုံးတို့သင်္ဘောထဲ သို့ဝင်ကြစေ။ ကမ္ဘာပေါ်တွင်သင်တစ်ယောက်တည်း သာ သူတော်ကောင်းဖြစ်ကြောင်းငါတွေ့မြင်ရ၏။-
ဟေဗြဲသြဝါဒစာ 11:7
ယုံကြည်ခြင်းကြောင့်နောင်ကာလ၌ဖြစ်လတ္တံ့ သောမမြင်နိုင်သည့်အမှုအရာများနှင့်ပတ် သက်၍ ဘုရားသခင်သတိပေးတော်မူခြင်း ကိုနောဧသည်ခံရလေသည်။ သူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်ကာ မိမိ ၏အိမ်ထောင်စုကိုကယ်ဆယ်ခဲ့သောသင်္ဘော ကိုတည်ဆောက်၏။ ထို့ကြောင့်ကမ္ဘာသူကမ္ဘာ သားတို့သည် အပြစ်ဒဏ်စီရင်ခြင်းကိုခံရ လေသည်။ နောဧသည်ယုံကြည်ခြင်းအား ဖြင့်ဘုရားသခင်ထံမှဖြောင့်မတ်ခြင်းကို ရရှိသတည်း။
ကမ္ဘာဦးကျမ်း 9:1
ဘုရားသခင်သည်နောဧနှင့်သူ၏သားတို့အားကောင်းချီးပေး၍``သင်တို့၏သားစဉ်မြေးဆက်တို့သည်မြေကြီးပေါ်တွင် နေရာအနှံ့အပြားနေထိုင်နိုင်ကြစေရန်သားသမီးမြောက်မြားစွာမွေးဖွားကြလော့။-
ကမ္ဘာဦးကျမ်း 6:22
နောဧသည်ဘုရားသခင်မိန့်မှာတော်မူသည့် အတိုင်းဆောင်ရွက်လေ၏။
ကမ္ဘာဦးကျမ်း 6:8
နောဧသည်ကားထာဝရဘုရားစိတ်တော် နှင့်တွေ့သောသူဖြစ်သတည်း။