ချစ်ခြင်းနှင့်ခွင့်လွှတ်ခြင်း
Love and Forgiveness
အဓိကကျမ်းပိုဒ်များ
ရှင်ယောဟန်သြဝါဒစာပထမစောင် 4:11
ချစ်ဆွေတို့၊ ဘုရားသခင်သည်ငါတို့အား ဤမျှချစ်တော်မူလျှင်ငါတို့သည်အချင်း ချင်းချစ်သင့်ကြ၏။-
ကောလောသဲသြဝါဒစာ 3:13
သင်တို့သည်အချင်းချင်းအပေါ်တွင်အပြစ် တင်စရာရှိပါလျှင် သည်းခံလျက်အပြစ်ဖြေ လွှတ်ကြလော့။ သခင်ဘုရားသည်သင်တို့ အားအပြစ်ဖြေလွှတ်တော်မူသကဲ့သို့ သင် တို့သည်လည်းအချင်းချင်းအားအပြစ်ဖြေ လွှတ်ရကြမည်။-
ရှင်လုကာ 6:37
``သူတစ်ပါးတို့အားမစစ်ကြောမစီရင်ကြနှင့်။ သို့မှသာဘုရားသခင်သည်သင်တို့အားမစစ် ကြောမစီရင်ဘဲနေတော်မူလိမ့်မည်။ သူတစ်ပါး တို့အားမရှုတ်ချကြနှင့်။ သို့မှသာဘုရားသခင် သည်သင်တို့အားမရှုတ်ချဘဲနေတော်မူလိမ့်မည်။ သူတစ်ပါးတို့အားအပြစ်ဖြေလွှတ်ကြလော့။ သို့ မှသာထာဝရဘုရားသည်သင်တို့အပြစ်ကို ဖြေလွှတ်တော်မူလိမ့်မည်။-